ပြည်တွင်းမှာအဖမ်းခံမလား၊ ပြည်ပမှာ အငတ်ခံမလား’ – လုံခြုံရေးနှင့် စားဝတ်နေရေး ကိစ္စနှစ်ချက်က မြန်မာသတင်းသမားများ စိတ်အပူဆုံးဖြစ်နေ
အဝေးရောက်ဘဝတွင် နေထိုင်လုပ်ကိုင်ရခြင်းသည် မြန်မာသတင်းသမားများအတွက် ပိုမိုလုံခြုံမှု ရှိကောင်း ရှိနိုင်သည်။ သို့သော် သူတို့သည် အခက်အခဲကြုံနေရသော ယခုအလုပ်အကိုင်ထံမှ စားဝတ်နေရေး လှည့်ကြည့်စရာမလိုသော အနေအထားတစ်ရပ် (ဘဝ) ကို ရရှိနိုင်ပါ့မည်လားဟု စိုးရိမ်နေကြသည်ဟု Reporting ASEAN က ကောက်ယူသည့် စစ်တမ်းအဖြေက ဆိုသည်။