အိမ်နှင့်ဝေးရာမှာ အမိမြေကို လွမ်းဆွတ်နေသူများ
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်တွင်ဒုက္ခသည်များ၊ ခိုလှုံခွင့် တောင်းခံသူများ၊ ပြည်ပရောက်သူ သို့မဟုတ် ထိုသို့အခွင့်ရရန် စောင့်နေသူများသည် တိုင်းပြည်၏ ရှိပြီးသား ပြည်ပရောက် နိုင်ငံသားဦးရေ ပမာဏတွင် ထပ်တိုးစာရင်းဖြစ်ပြီး အိမ်နှင့်အဝေးမှာနေရင်း အိမ်လွမ်းနေကြရသည်။ သူတို့သည် ရရာအလုပ် ဝင်လုပ်ကြပြီး မိသားစုကို၊ တော်လှန်ရေး အင်အားစုများကို လှမ်းထောက်ပံ့နေကြရင်း လက်ရှိဘဝမှာ ယာယီအခိုက်အတန့်သာ ဖြစ်သည်ဟု အားခဲနေကြသည်။